Friday, September 20, 2013

Specifying Color Modes နှင့် Color Models အကြောင်း


ဒီအခန်းမှာ ပါဝင်မယ့်အကြောင်းအရာတွေကတော့
◘ Color Models
◘ Color Modes
◘ Color Bit Depth and Why It Matters တို့ပါပဲ။
Color Models
Color Model ဆိုသည်မှာ စာရွက်ပေါ်(ပုံနှိပ်ထုတ်ရန်) သို့မဟုတ် ကွန်ပျူတာမြင်ကွင်းပေါ်တွင် ဖော်ပြရန်အတွက် မတူညီသော အရောင်စနစ်များ သတ်မှတ်ထားခြင်းဖြစ်ပါသည်။
Color Model ရှိအရောင်စနစ်များမှာ-
♦ RGB (Red, Green, Blue)
♦ CMYK (Cyan, Magenta, Yellow, Black)
♦ HSB (Hue, Saturation, Brightness)
♦ CIE Lab တို့ပါဝင်ကြပါတယ်။
အောက်တွင် Adobe Color Picker ကိုဖော်ပြထားပါတယ်။ သင်လိုချင်သောအရောင်ကို Click နှိပ်၍ရွေးယူနိုင်သလို ယာဘက်ရှိ Color model တန်ဖိုးများနေရာတွင်
နှစ်သက်ရာ Color model နေရာ၌ အရောင်ကိန်းကဏန်းတန်ဖိုးများ ရိုက်ထည့်၍လည်း ရယူနိုင်ပါတယ်။

(Color picker အေက်ခြေရှိ Only Web Colors (check box) ကို ဖွင့်ပေးခြင်းဖြင့် Web Color သီးသန့်ရွေးယူနိုင်သလို ယာဘက်ရှိ Color Models (option box) တွင်လည်းနှစ်သက်ရာ Color Model ရွေးယူနိုင်ပါသည်)
Photoshop တွင် အရောင်တန်ဖိုးများ ရွေးယူရန်အတွက် Color palette ကိုလည်းထည့်သွင်းပေးထားပါတယ်။ Color palette ကိုယာဘက်ရှိ Palette များနေရာတွင် အောက်ပါပုံအတိုင်းတွေ့မြင်နိုင်ပါတယ်။ အကယ်၍မတွေ့ရလျှင် Window>Color ကိုနှိပ်ပါ။
Color palettte အောက်ခြေရှိ ရောင်စုံအလျှားလိုက်အတန်းလေးမှာ color spectrum ဖြစ်ပြီး ၄င်းပေါ်တွင် Click နှိပ်၍ Color ရွေးယူနိုင်ပါတယ်။

RGB Model
RGB model ကို ကွန်ပျူတာ မော်နီတာနှင့် TV screens တွေမှာ ဖော်ပြရာ၌ သုံးပြီး RGB တန်ဖိုးများမှာ 0 မှ 255 အထိပါဝင်ပါတယ်။
ဥပမာ သန့်စင်သော အစိမ်းရောင်ရရန်အတွက် အနီ(R) နှင့် အပြာ(B) တန်ဖိုးကို 0 ထားပြီး အစိမ်း(G)တန်ဖိုးကို 255 ထားရပါတယ်။
သန့်စင်သောအဖြူရောင်ကိုရဖို့ RGB တန်ဖိုးအားလုံးကို 255 ထားပေးရပါတယ်။ အမဲလိုချင်ရင်တော့ RGB တန်ဖိုးသုံးခုလုံးကို 0 ထားရပါမယ်။
RGB တန်ဖိုးများလျှင် အဖြူရောင်အလင်း ရောနှောပါဝင်မှုအား များလာပါသည်။ အကယ်၍ အရောင်တန်ဖိုးသုံးခုစလုံး၏ တန်ဖိုးကို 128 (255 ၏ တ၀က်) ထား၍ပေါင်းစပ်မယ်ဆိုရင် Medium Gray(အလင်းဆုံးအဖြူရောင်နှင့် အမှောင်ဆုံး အမဲတန်ဖိုးနှစ်ခုကြားရှိ အရောင်ဖြစ်သော မီးခိုးရောင်) ကိုရရှိမှာပါ။

CMYK Model
CMYK Model ကို printing (ပုံနှိပ်) ရန်အတွက်အသုံးပြုကြပြီး အရောင်တန်ဖိုးများကို ရာခိုင်နှုန်းများဖြင့်အသုံးပြုပါတယ်။ ၄င်းတွင် cyan(စိမ်းပြာရောင်), magenta(ပန်းခရမ်းရောင်), yellow(အ၀ါရောင်) နှင့် black(အမဲရောင်) ပါဝင်ပြီး
အိမ်သုံး inkjet printer , hight-resolution Laser printers နှင့် ပုံနှိပ်လုပ်ငန်းသုံး ၊ စီးပွားရေးလုပ်ငန်းသုံး ပုံနှိပ်စက်များတွင် အသုံးပြုသည့် အရောင်လေးရောင်သုံး ပုံနှိပ်မှင်အရောင်များဖြစ်ပါတယ်။
six-color inkjet printer တွေမှာတော့ ၄င်းလေးရောင်အပြင် light cyan (စိမ်းပြာရောင်အဖျော့) နှင့် light magenta (ပန်းခရမ်းရောင်အဖျော့) နှစ်မျိုး ထပ်ပေါင်းထည့်ထားပါတယ်။
CMYK မှာအမဲရောင်(Black) ကို K ဟုသတ်မှတ်ရခြင်းမှာ B ကို အပြာရောင် (Blue) အဖြစ်သတ်မှတ်ပြီးသောကြောင့် ဖြစ်သည်။

HSB Model
HSB Model တွင် H မှာ Hue ခေါ်အရောင်၏အရေအသွေးကိုညွှန်းဆိုပြီး အရောင်စက်ဝိုင်း(Color wheel) ကိုအခြေခံထားပါတယ်။ ထို့ကြောင့် ၄င်းကို ဒီဂရီဖြင့်ဖော်ပြပြီး ဒီဂရီ (0-360˚) အတွင်း အနေအထားအလိုက် အရောင်အမျိုးမျိုးဖော်ပြပေးပါတယ်။ S ကတော့ Saturation ကိုရည်ညွှန်းပြီး အရောင်တစ်ရောင်၏ပြည့်ဝမှုပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြပါတယ်။
Saturation ရာခိုင်နှုန်းနည်းလျှင် gray(မီးခိုးရောင်) ပါဝင်မှုများ၍ gray မပါဝင်သော သန့်စင်သည့်အရောင်သည် Saturation ရာခိုင်နှုန်း 100% ဖြစ်ပါတယ်။
အရောင်မပါဝင်သော neutral gray မှာ Saturation 0% ဖြစ်ပါတယ်။ Saturation color သည် color wheel ရဲ့အစွန်အဖျားဘက်မှာရှိပြီး color wheel ရဲ့အလယ်သို့နီးကပ်လာပါက Saturation လျော့နည်းလာပါတယ်။
အရောင်တစ်ရောင်တွင်ပါဝင်သည့် အဖြူရောင်ပမာဏ (အလင်းတောက်ပမှု) ကို Brightness ခေါ် B အဖြစ်ဖော်ပြပါတယ်။ ၄င်းကိုလည်း အမှောင်ဆုံး(အမဲရောင်) 0% မှ အတောက်ပဆုံး(အဖြူရောင်) 100% အထိ ရာခိုင်နှုန်းဖြင့်ဖော်ပြပေးပါတယ်။
CIE Lab Model
Lab(CIE L*a*b*) ကို နိုင်ငံတစ်ကာ စံချိန်စံညွှန်းများပြုစုသောအဖွဲ့အစည်းဖြစ်သည့် CIE(Commission International de L’ Eclairage) ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လူသားများအရောင်ကို အာရုံခံ သိမြင်ခံစား နားလည်မှုကို အခြေပြုထားသည်။
Lab တွင် ဖော်ပြထားသော ကိန်းဂဏန်းတန်ဖိုးများမှာ လူသားတို့ သာမန်မျက်စိဖြင့်မြင်တွေ့နိုင်သော အရောင်များဖြစ်ပါတယ်။ ထို့ကြောင့် Lab မှာတစ်ခြား models များထက် အရောင်ကန့်သတ်ချက်(gamut) ကျယ်ပြန့်စွာပါဝင်ပါတယ်။
Lab မှာ အလင်းပါဝင်မှုတန်ဖိုးကို L (Lightness) ဖြင့်ဖော်ပြပါတယ်။ ကိန်းဂဏန်းတန်ဖိုး 0 မှ 100 အထိရှိ၍ တန်ဖိုး 0 မှာ အမှောင်ဆုံး(အမဲ) ဖြစ်၍ တန်ဖိုး 100 မှာ အလင်းဆုံး(အဖြူ) ဖြစ်သည်။
a ကို အစိမ်းရောင်မှ အနီရောင် နှင့် b ကို အပြာရောင်မှ အ၀ါရောင်သို့ အဆင့်ဆင့်သွားသော ၀န်ရိုးတန်းအဖြစ် +127 မှ -128 တန်ဖိုးအတွင်း ဖော်ပြပေးပါတယ်။
Lab color သည် Print(ပုံနှိပ်) ရန် သို့မဟုတ် display(ပြရန်) အတွက် Printer,Monitor ကဲ့သို့ အရောင်ထုတ်ကိရိယာများ အသုံးပြုသောအခါ အရောင်တန်ဖိုး ပြောင်းလဲခြင်း (ကန့်သက်ခြင်း) မရှိသောစနစ် (သို့မဟုတ်) ကိရိယာပေါ် မှီခိုမှုကင်းသော (device-independent) ပုံစံဖြစ်ပါတယ်။ RGB နှင့် CMYK မှာ ကိရိယာပေါ် မှီခိုမှုရှိသော (device-dependent) ပုံစံဖြစ်ပါတယ်။

***Color Model ရွေးချယ်ခြင်း***
သင့်ရဲ့နောက်ဆုံးပြုပြင်ပြီးပုံတွေကို Print ထုတ်ဖို့ သို့မဟုတ် TV,Monitor လိုမြင်ကွင်းပေါ်မှာကြည့်ဖို့ ဒါမှမဟုတ် World Wide Web ပေါ်တင်မလား မတင်ဘူးလား စတာတွေကိုလုံးဝဂရုမစိုက်ပဲ RGB စနစ်နဲ့တာ လုပ်ဆောင်ဖို့အကြံပြုပါတယ်။ ၄င်းအတွက် အကြောင်းပြချက်တော့ ရိုးရှင်းပါတယ်။ အကယ်၍သင်ဟာ အရောင်စနစ်ကို CMYK အဖြစ်သက်မှတ်သော်လည်း သင့်ရဲ့ မော်နီတာ(monitor) က RGB ပဲဖော်ပြ ပေးနိုင်လို့ပါ။
၎င်းမှာ cyan, magenta, နှင့် yellow pixels မရှိပဲ RGB အလင်းရောင်နဲ့သာ
ရောနှောပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့သင်ဟာ Color Print ထုတ်ဖို့ ပုံနှိပ်ဆိုင် သို့မဟုတ် ဓါတ်ပုံကူးဆိုင်သို့မပို့ခင် CMYK သို့အမြဲတမ်းပြောင်းပေးဖို့ မလိုအပ်ပါဘူး။ အိမ် သို့မဟုတ် ရုံးသုံး inkjets တွေဟာ RGB စနစ်နဲ့အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ဒီဇိုင်းလုပ်ထားလို့ပါပဲ။
( Publishing လုပ်ငန်းများတွင် CMYK စနစ်သုံးခြင်းနှင့် ကာလာခွဲခြင်း အကြောင်းကို သီခြား post အနေနှင့် တင်ပြပေးသွားပါမယ် )
Color Modes
Color Modes ဆိုတာကတော့ Color Models တွေကိုအခြေပြု၍ လုပ်ဆောင်တဲ့ စနစ်ပါ။
Photoshop ရဲ့ Image>Mode မှာအောက်ပါ Modes တွေပါဝင်ပါတယ်
◘ Bitmap
◘ Grayscale
◘ Duotone
◘ Indexed Color
◘ RGB Color
◘ CMYK Color
◘ Lab Color
◘ Multichannel
၎င်း Modes တွေထဲမှ ကျွန်တော်တို့ အသုံးများတဲ့ Modes တွေကတော့ Grayscale, RGB, CMYK နှင့် Indexed Color တို့ပါဘဲ။
Bitmap နှင့် Grayscale
အခြေခံအကျဆုံး Color Modes ဖြစ်တဲ့ Bitmap နှင့် Grayscale ကို Photoshop မှာအသုံးပြုနိုင်ပါတယ်။ Grayscale Mode မှာ အဖြူ မှ အမဲ သို့ မီးခိုးရောင်အနုအရင့် 256 မျိုးဖြင့် ပုံဖော်လုပ်ဆောင်ပေးပါတယ်။ Bitmap Mode ကတော့ ရုပ်ပုံတစ်ခုကို အဖြူ နှင့် အမဲ အရောင်တန်ဖိုးနှစ်ခုတည်းဖြင့်တာ ပုံဖော်လုပ်ဆောင်ပါတယ်။

အထက်ပါပုံနှစ်ပုံကို အာရုံစိုက်ကြည့်မယ်ဆိုရင် ပုံရဲ့အရည်အသွေး အလွန့်အလွန် ကွဲပြားခြားနားတာကို မြင်တွေ့နိုင်ပါတယ်။ Grayscale သုံးထားတဲ့ပုံရိပ်ဟာ အရောင်တန်ဖိုးတစ်ခုမှတစ်ခုသို့ ပြောင်းရာမှာ ချောမွတ်ပြေပြစ်မှုရှိပြီး Bitmap မှာတော့ ချောမွတ်ပြေပြစ်မှုမရှိပါ။
ကာလာဓာတ်ပုံ ကို Grayscale (အဖြူအမဲ) သို့ပြောင်းမယ်ဆိုရင် Image>Mode>Grayscale ကိုရွေးပေးရပါမယ်။ “discard the color information” ဆိုသည့် massage box ပေါ်လာပြီး ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ Discard ကို Click နှိပ်၍ Grays သို့ပြောင်းပေးနိုင်ပါတယ်။
Bitmap Mode သို့ပြောင်းချင်ရင်တော့ အရင်ဆုံး ရုပ်ပုံကို Grayscale သို့အရင်ပြောင်းပေးပြီးမှ Bitmap သို့ပြောင်းပေးရပါမယ်။ (အကယ်၍ ပုံကို Color Mode မပြောင်းပဲ အဖြူအမဲပုံအဖြစ်ပြောင်းလိုပါက Image>Adjustments>Black & White တွင်ပြောင်းနိုင်ပါသည်)
RGB
RGB Mode  ကတော့ ရုပ်ပုံတွေနှင့်အလုပ် လုပ်ရာမှာအသုံးပြုတဲ့ စနစ်ဖြစ်ပြီး ၄င်းကို ကွန်ပျူတာမော်နီတာပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ အကယ်၍ သင်ဟာ Photoshop ဖြင့်ရုပ်ပုံတွေကိုပြုပြင်မယ်ဆိုရင် ၄င်းဟာ နောက်ဆုံးမှာ RGB စနစ်နှင့် လုပ်ဆောင်သော Desktop Presentation ၊ ဗွီဒီယို ၊ Web စာမျက်နှာများအတွက် အကောင်းဆုံး အရောင်ကို လုပ်ဆောင်ပေးနိုင်သည့် အစိတ်အပိုင်းဖြစ်လာပါလိမ့်မယ်။
အကယ်၍သင်ဟာ Web အတွက် လုပ်ဆောင်နေရ၍ နောက်ဆုံးမှာ GIF အဖြစ်နှင့်ပဲ သိမ်းဆည်းမယ်ဆိုရင် RGB နှင့် Color adjustments ပြုလုပ်ပြီးမှ Indexed Color သို့ပြောင်းပါလို့ အကြံပြုပါရစေ။ ထို့အပြင် သင်ဟာ Indexed Color ဖြင့်လုပ်ဆောင်ပါက Photoshop ရဲ့ Filter နှင့် Layer များကိုအသုံးပြ၍ရမည်မဟုတ်ပါ။ ၄င်းမှာ ကန့်သတ်ချက် များစွာရှိပါတယ်။
Indexed Color
Indexed Color ကို Web အတွက်အဓိအသုံးပြုပြီး အရောင် ၂၅၆ ရောင်ဖြင့်သာ ဖော်ပြပေးပါသည်။ Web designer တွေကတော့ သီအိုရီနည်းအရ Mac ကွန်ပျူတာနှင့် PC ကွန်ပျူတာမှာ (Platform) မရွေးအသုံးပြုနိုင်ရန် အရောင်၂၁၆ ရောင်ကိုသာ အသုံးပြုရန် ကန့်သတ်ထားပါသည်။ အရောင်ကန့်သတ်ထား၍ ပုံ၏အရွယ်အစား(ဆိုဒ်) လျော့နည်းသွားသလို ပုံ၏အရေအသွေးလည်း ကျဆင်းသွားတတ်ပါသည်။ Indexed Color ကိုအသုံးပြုမယ်ဆိုရင် Image>Mode>Indexed Color ကိုရွေးပါ။ အောက်ပါပုံအတိုင်း Indexed Colr dialod box ပေါ်လာပါလိမ့်မည်။

Indexed Color ကိုအသုံးပြုဖို့ အပေါ်ဆုံးက Palette နေရာမှာ တန်ဖိုးရွေးပေးနိုင်ပါတယ်။
၎င်း Palette အမျိုးအစားများမှာ-
Exact ။ ။ မူရင်ပုံမှာ အရောင်ပါဝင်မှု ၂၅၆ ရောင်ထက်နည်းတဲ့အခါမှာ အသုံးပြုနိုင်ပါသည်။
System (Mac OS) ။ ။ Macintosh စနစ်အတွက်အသုံးပြုနိုင်ပါသည်။
System (Windows) ။ ။ Windows စနစ်အတွက်အသုံးပြုနိုင်ပါသည်။
Web ။ ။ World Wide Web အတွက်အသုံးပြုမယ်ဆိုရင် သင့်တော်ပါတယ်။ Web safe color ၂၁၆ ရောင်ပဲပါဝင်ပါတယ်။
Uniform ။ ။ Color spectrum ပေါ်ရှိ အရောင်ကိုနမူနာယူ၍ တူညီသောအရောင်တွေကို ပေါင်းစပ်ပေးပါသည်။
ကောင်းမွန်သော ပုံရိပ်တစ်ခုဖော်ပြနိုင်ဖို့အတွက် ကာလာတန်ဖိုး (Value) ဟာအနည်းဆုံး(8,27,64,125 သို့မဟုတ် 216) ရှိဖို့လိုအပ်ပါသည်။
Perceptual ။ ။ ကိုယ့်စိတ်တိုင်းကြိုက် အရောင်တွေကို ရွေးချယ်ခွင့်ပေးထားပါတယ်။
Selective ။ ။ ဒါလဲအပေါ်က တစ်ခုနှင့် ဆင်တူပါတယ်။ ဒါပေမယ့် ၄င်းက Color တွေကို area ကျယ်ကျယ်ရွေးယူပြီး Web Color ကို ထိန်းသိမ်းထားပါတယ်။<
Adaptive ။ ။ ဒီတစ်ခုကတော့ Indexed Color သို့ပြောင်းရာမှာ အကောင်းဆုံးပဲလို့ ပြောထားပါတယ်။ ၄င်းက မူရင်းပုံမှာပါဝင်မှုအများဆုံးဖြစ်တဲ့ အရောင်ကို နမူနာယူပါတယ်။
မူရင်းပုံနှင့်လိုက်လျောညီထွေမှုရှိမယ့် အနီးဆုံးအရောင်ကို စီစဉ်ပေးပါတယ်။
Custom ။ ။ အကယ်၍ အပေါ်က options တွေကိုမရွေးချယ်ဘဲ ကိုယ်ပိုင် palette ပြုလုပ်မယ်ဆိုရင် ဒီ custom option ကိုရွေးပါ။
Previous ။ ။ ဘယ် option ကိုမဆိုနောက်ဆုံးရွေးချယ်ပြီး Indexed Color သို့ပြောင်းခဲ့တာတွေကို ပြန်လည်ရယူနိုင်ရန် မှတ်သားထားပေးပါတယ်။
CMYK
CMYK mode ကိုတော့ စီးပွားရေးအတွက် ပုံနှိပ်ထုတ်တဲ့အခါမှာသာ သုံးပါတယ်။ ရိုးရိုးအိမ်သုံးအတွက် အိမ်သုံး Printer သုံးပြီးထုတ်မယ်ဆိုရင် CMYK mode သို့ပြောင်းရန်မလိုအပ်ပါဘူး။ အကယ်၍ Print မထုတ်ခင် CMYK သို့ပြောင်းမယ်ဆိုရင် (gamut warnings) တွေကိုသိဖို့လိုပါတယ်။ gamut သတိပေးချက်ကိုမသိပဲ ထုတ်လုပ်မယ်ဆိုရင် သင့်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အ၀ါရောင်ငှက်ပျောသီး သို့မဟုတ် အ၀ါရောင်ပန်းဟာ နောက်ဆုံးမှာ အညိုရောင်ဖြစ်သွားမှာပါ။ တောက်ပတဲ့ ကောင်းကင်ပြာကြီးကလဲ ခရမ်းရောင်ပြောင်းပြီး ထွက်လာမှာပါ။
Gamut ဆိုတာဘာလဲ
Garmut ဆိုတာ CMYK မှင် Print ထုတ်နိုင်တဲ့ အရောင်ကန့်သက်ချက်တစ်ခုပါ။ တစ်ချို့အရောင်တွေက အရောင်ကန့်သက်ချက်(gamut) ကိုကျော်နေသည့်အတွက် အရောင်မှန်ကန်အောင် Print မထုတ်နိုင်ပေ။ အထူးသဖြင့် အလွန်တောက်ပသော အရောင်များ ၊ လိမ္မော်ရောင်များနှင့် အစိမ်းရောင်အများစုဟာ များသောအားဖြင့် gamut ကိုကျော်ကြပါတယ်။ Garmut warning ကို Color palette တွင် တြွိဂံပုံအလယ်တွင် အာမေဍ္ဍိတ်(exclamation) ပုံဖြင့်ဖော်ပြပါတယ်။


ပုံတစ်ပုံရဲ့ Gamut warning ကိုကြည့်ချင်ရင် View>Gamut Warning(Shift+Ctrl+Y) ကိုရွေးပါ။ အရောင်ကန့်သက်ချက်(gamut) ကျော်သည့်နေရာကို မီးခိုးရောင်(Gray) ဖြင့်ဖော်ပြပေးပါလိမ့်မည်။ Gamut Warning ကိုအရောင်ပြောင်း၍ ကြည့်လိုပါက Edit>Preference ကိုနှိပ်ပြီး Transparency Gamut ကိုရွေးပါ။ dialog box အောက်ခြေရှိ Gamut Warning နေရာတွင် Opacity အတိုးအလျော့လုပ်နိုင်သလို Color နေရာတွင်လည်း အဆင်ပြေမည့် အရောင်ပြောင်းပေးနိုင်ပါသည်။

Color palette မှာရှိတဲ့ Gamut warning တြွိဂံပုံလေးကို Click နှိပ်ပါက CMYK ဖြင့်လုပ်ဆောင်နိုင်တဲ့ အနီးစပ်ဆုံးအရောင်ကိုရွေးပေးပါလိမ့်မယ်။ နောင်အခန်းမှာ color adjustment tools တွေသုံးပြီး Print ထုတ်နိုင်သော အဆင့်ထိပြုလုပ်ပုံကို ဖော်ပြပေးသွားပါမယ်။
Color Bit Depth
Bit Depth ဆိုတာပုံတစ်ပုံရဲ့ pixel တစ်ခုမှာ အရောင်တန်ဖိုးအချက်အလက်(color information) မည်မျှဖော်ပြနိုင်သလဲဆိုတာ ဖော်ပြပေးပါတယ်။။ ၄င်းကို color depth သို့မဟုတ် pixel depth လို့လည်းခေါ်ကြပါတယ်။ Pixel တစ်ခုရှိ bit depth တစ်ခုမှာ အဖြူ သို့မဟုတ် အမဲ value နှစ်ခုတည်း ဖြစ်နိုင်ပါတယ်။ Grayscale pixel မှာ bit depth ဟာ ၈ ခုရှိမယ်ဆိုရင် value ဟာ ၂၅၆ ဖြစ်နိုင်ပါတယ်။ ပြီးတော့ pixel တစ်ခုမှာ bit depth 24 ရှိမယ်ဆိုရင် value ဟာ ၁၆ သန်းရှိမှာပါ။ အများအားဖြင့် bit dapth တွေဟာ 1 မှ 64 bits per pixel ရှိကြပါတယ်။ အရောင်တန်ဖိုး အချက်အလက်(color information) များပါက ဖိုင်အရွယ်အစားကြီး၍ အချိန်ပိုကြာသလို အရောင်လဲပိုပြီးစုံလာပါတယ်။
***Color Mode အကြောင်းဟာ ရှုပ်ထွေးတဲ့အပြင် သီအိုရီပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာတွေနှင့်ပတ်သတ်နေ၍ နားလည်ရခက်ခဲလို ရှင်းပြရန်လဲ မလွယ်ကူပါ။ အချို့စာလုံးများ မြန်မာလိုပြန်ဆိုရာတွင် တိုက်ရိုက်ပြန်ဆိုရန် မလွယ်ကူသဖြင့် အနီးစပ်ဆုံး ကိုယ်နားလည်သလို ရေးထားခြင်းဖြစ်ပါသည်။ 
မှတ်ချက်။  ။ ဤစာများမှာ http://soeminntun.wordpress.com/2011/01/18/photoshop-cs3-%E1%80%9E%E1%80%84%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AC-%E1%80%A1%E1%80%81%E1%80%94%E1%80%B9%E1%80%B8-%E1%81%84/ မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါကြောင်း။

Selection များပြုလုပ်ခြင်း



# The Selection Tools
# The Select Menu
# Selecting Large Areas
# Advanced Selection Techniques
# Cutting and Copying
# Cropping

The Selection Tools
ပုံတစ်ပုံရဲ့အစိတ်အပိုင်းတစ်ခုကို သင်နည်းလမ်းအချို့သုံး၍ Select ပြုလုပ်နိုင်ပါတယ်။ Selection tool များဖြစ်တဲ့ Marquee tools, Lasso tools, the Quick Selection tool, သို့မဟုတ် the Magic Wand တို့ကို အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံသင်ဟာ ပုံတစ်ပုံရဲ့ နောက်ခံကောင်းကင်ပြာကို ပဲရွေးပြီးဖျက်ထုတ်ဖို့ ကောင်းကင်တစ်ခုလုံးကို Selecting လုပ်ဖို့ လိုအပ်လာနိုင်တယ်ဆိုရင် အသုံးပြုနိုင်ဖို့ အခြားအမျိုးအစားမတူတဲ့ Selection tool များလဲရှိပါတယ်။ Photoshop ရဲ့ Selection tools ဟာ ပုံတစ်ခုလုံး သို့မဟုတ် Pixel တစ်ခုအထိ select လုပ်နိုင်စွမ်းရှိပါတယ်။

Crop tool ကတော့ Selection tool အုပ်စုထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄င်း tool ဖြင့် ပုံတစ်ပုံအားဖျက်ထုတ်ရာမှာ ထိန်းသိမ်းလိုသောအပိုင်းကို Selecting ပြုလုပ်ရလို့ပါပဲ။ Crop tool အသုံးပြုပုံကို ယခုအခန်းနောက်ပိုင်းတွင် ဖော်ပြပေးသွားပါမယ်။
Rectangular and Elliptical Marquees
Marquee tools များဖြစ်တဲ့ Rectangular နှင့် Elliptical ကို Toolbox ရဲ့ အပေါ်ဘက်တွင်တွေ့မြင်နိုင်ပါတယ်။ Rectangular Marquee ကိုယူမယ်ဆိုရင် Toolbox ရှိ ၄င်းပုံပေါ်တွင် Click နှိပ်၍၄င်း Keyboard မှ M ကိုနှိပ်၍၄င်း ရယူနိုင်ပါတယ်။ Elliptical Marquee ကိုယူမယ်ဆိုရင်တော့ Toolbox မှာရှိတဲ့ Rectangular Marquee ပေါ်တွင် Click ဖိထား၍ pop-up menu ပေါ်လာသောအခါ Elliptical Marquee ကိုရွေးယူနိုင်ပါတယ်။ ထိုနည်းအတိုင်း Single Row နှင့် Single Column Marquee ကိုလည်း ရွေးယူနိုင်ပါတယ်။ အကယ်၍သင့်လက်ရှိရွေးယူထားတဲ့ tool ဟာ Rectangular Marquee ဆိုလျှင် shift + M နှိပ်၍ Elliptical Marquee သို့လည်းကောင်း Elliptical Marquee ဆိုလျှင် Rectangular Marquee သို့လည်းကောင်း ပြောင်းယူနိုင်ပါတယ်။ Tool icon ပြောင်းတိုင်း Tool Options bar ပါလိုက်၍ပြောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှုလေးတစ်ခု စလိုက်ရအောင်။
၁။ ပထမဦးဆုံးဖိုင်အသစ်တစ်ခုဖွင့်ပါ။
၂။ Toolbox က Marquee tool ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Canves ပေါ်သို့ cursor ရွေ့လိုက်မယ်ဆိုရင် အပေါင်းလက္ခဏာပုံစံ cursor အဖြစ်တွေ့ရမှာပါ။ (၄င်းအပေါင်းလက္ခဏာပုံစံကို crosshair လို့ခေါ်ပါတယ်)
၃။ cursor က canvas ပေါ်ရောက်ပြီဆိုလျှင် Click ဖိ၍ drag ဆွဲကြည့်ပါ။
၎။ ထိုနည်း၎င်း elliptical marquee ကိုယူ၍လည်း လားရာဘက်အမျိုးမျိုးသို့ drag ဆွဲကြည့်ပါ။
အကယ်၍စတုရန်းပုံ သို့မဟုတ် စက်ဝိုင်းပုံ Selection လိုချင်ရင် drag ဆွဲတုန်း Shift ခလုတ်ကိုဖိထားပါ။ Alt ဖိထားရင်တော့ အလယ်ဗဟိုမှ အပြင်သို့ Select လုပ်ပါလိမ့်မယ်။ စမ်းလုပ်ကြည့်ပါ။
Select လုပ်ပြီးသားတစ်ခုကို ထပ်ပေါင်းထည့်မယ် ၊ ဒါမှမဟုတ် နုတ်ယူမယ် ၊ Selection နှစ်ခုထပ်သောအပိုင်းကို ရွေးယူမယ်ဆိုရင် အောက်ပါအတိုင်း Tool Options bar တွင်ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

၁။ ။ (New Selection) Selection အသစ်လုပ်တာပါ။

၂။ ။ (Add to selection) Selection ထပ်ပေါင်းထည့်တာပါ။ Keyboard မှ Shift ဖိထား၍ Cursor အောက်တွင်( + )လက္ခဏာပေါ်သောမခါ Drag ဆွဲ၍လည်းပြုလုပ်နိုင်ပါတယ်။

၃။ ။ (Subtract from selection) Selection နုတ်ယူတာပါ။ Keyboard မှ Alt ဖိထား၍ Cursor အောက်တွင် ( – ) လက္ခဏာပေါ်သောမခါ Drag ဆွဲ၍နုတ်ယူနိုင်ပါတယ်။
Selection ဧရိယာတစ်ခု၏ အတွင်းတွင် နောက်ထပ် Selection ဧရိယာနုတ်ယူခြင်းကို Knockout လုပ်တယ်လို့ခေါ်ပါတယ်။ ဥပမာ စက်ဝိုင်းပုံ Selection ဧရိယာအတွင်းတွင် နောက်ထက် စက်ဝိုင်းပုံ Selection အသေးဖြင့် နုတ်ယူပါက Donut ပုံစံရရှိစေပါသည်။

၎။ ။ (Intersect with selection) Selection နှစ်ခုထပ်သောအပိုင်းကို ရွေးယူတာပါ။ Keyboard မှ Alt+Shift ဖိထား၍ Cursor အောက်တွင်( x )လက္ခဏာပေါ်သောမခါ Drag ဆွဲ၍ရွေးယူနိုင်ပါတယ်။

လေ့ကျင့်တဲ့အနေနဲ့အောက်မှာပြထားတဲ့ gazebo ပုံစံလေးစမ်းလုပ်ကြည့်ပါ။

Horizontal (Single Row) နှင့် Vertical (Single Column) marquees ကိုတော့ ပုံတစ်ပုံရဲ့ ထောင့်စွန်းများဖျက်ထုတ်ရာတွင်အသုံးဝင်ပါတယ်။ ၄င်းကပုံတစ်ပုံရဲ့ 1 pixels စာအလျားအတန်း သို့မဟုတ် 1 pixels စာဒေါင်လိုက်အတန်းကို Select လုပ်ပေးပါလိမ့်မယ်။
အကယ်၍သင်ဟာ selection လုပ်မယ်ဆိုရင်အထူးသတိပြုရမှာက သင်ပြုပြင်လုပ်ဆောင်ချက်မှန်သမျှဟာ Selection ဧရိယာဘောင်အတွင်းသာ အကျိုးသက်ရောက်မှုရှိမှာပါ။ ဆိုလိုတာကတော့ သင်ဟာပုံတစ်ပုံရဲ့ အစိတ်အပိုင်းတစ်ခုကို Selection လုပ်ထားမယ်ဆိုရင် သင်ဆေးပဲချယ်ချယ် ၊ gradient ပဲသုံးသုံး ၊ အခြား Filter ထဲကဘာ effect ပဲသုံးသုံး လုပ်ဆောင်ချက်အားလုံးဟာ သင် Selection ကိုပြန်မဖြုတ်သရွေ့ ၄င်း selection ဧရိယာရဲ့ဘောင်အတွင်းသာ ပြောင်းလဲမှုများဖြစ်ပေါ်ပါမည်။ အောက်က Animation ကိုကြည့်ပါက Brush ဖြင့်ဆေးချယ်ရာတွင် Selection ဧရိယာအတွင်းသာ အကျိုးသက်ရောက်မှုရှိတာကိုတွေ့မြင်နိုင်ပါတယ်။

Selection ကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ marquee tool တစ်ခုခုဖြစ် canvas ပေါ်တွင် Click တစ်ချက်နှိပ်၍၄င်း Menu bar မှ Select>Deselect ကိုရွေး ၍၄င်း Right-Click နှိပ်၍ Deselect ကိုရွေး၍၄င်း Keyboard မှ Ctrl+D နှိပ်၍၄င်း သင်အဆင်ပြေရာအသုံးပြုနိုင်ပါတယ်။ အကယ်၍ Select လုပ်ထားသောအပိုင်းကို ဖျက်ထုတ်ချင်တယ်ဆိုရင် Backspace သို့မဟုတ် Delete နှိပ်ပါ။
The Lasso Tool
မညီမညာနှင့် ပုံစံတစ်ကျမရှိတဲ့ အစိတ်အပိုင်းများ Selection ပြုလုပ်ရာတွင် အသုံးပြုပါတယ်။ ဥပမာ သစ်ကိုင်းတစ်ကိုင်းမှ ပန်းပွင့်တစ်ပွင့်ကို Select လုပ်တာမျိုးပေါ့။

Lasso tool သုံးမယ်ဆိုရင်တော့ လက်ငြိမ်ဖို့လိုအပ်ပါတယ်။ Mouse ၊ Mousepad နှင့် track-ball တွေပါသန့်ရှင်းထားမယ်ဆိုရင် အသုံးပြုရာမှာ အဆင်ပြေစေမှာပါ။ နောက်ထပ် သင့်ကွန်ပျုတာရဲ့ Control Panel သို့မဟုတ် System Preferences မှာ Mouse speed ကိုလျှော့ပေးခြင်းဖြင့်လည်း selection လုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ Lasso tool မှာလည်း Marquee tool မှာကဲသို့ပဲ Ctrl ၊ Alt ၊ Shift များနှိပ်၍ selection ပေါင်းခြင်းနုတ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ Lasso tool နှင့် Selection လုပ်မယ်ဆိုရင်တော့
၁။ Toolbox မှ Lasso tool ကိုရွေးပါ။ သို့မဟုတ် keyboard မှ L ကိုနှိပ်ပါ။
၂။ Click ဖိထား၍ Lasso tool ဖြင့် select လုပ်လိုသောအစိတ်အပိုင်းအား ဂရုတစိုက်ဆွဲပါ။
၃။ သင် Select လုပ်ပြီးခါနီး Click ဖိထားတာကိုလွှတ်လိုက်ပါက Selection အစနှင့် အဆုံးနှစ်ခုကို အလိုလျှောက်ဆက်ပေးပါလိမ့်မယ်။ အကယ်၍ Select လုပ်နေစဉ် Click ဖိထားတာ လွှတ်မိပါက select လုပ်နေသောပုံ၏ အလယ်မှဖြတ်၍ Selection ၀င်သွားပါလိမ့်မယ်။ အကယ်၍ Select လုပ်၍မပြီးစဉ် ထိုကဲ့သို့ဖြစ်သွားပါက Shift ခလုတ်ဖိ၍ Selection ထပ်ပေါင်းထည့်နိုင်ပါတယ်။
Lasso too ဖြင့် Selection လုပ်နေစဉ်အတွင်း Alt ဖိ၍ Click လွှတ်လိုက်ပါက Polygonal Lasso tool သို့ယာယီပြောင်းသွားပါလိမ့်မယ်။ Polygonal Lasso tool သုံးနေစဉ်အတွင်း Alt ဖိထားဖို့လိုအပ်ပါတယ်။ Polygonal Lasso tool အသုံးပြုပြီးလို့ Lasso too ပြန်ပြောင်းယူလိုလျှင် Click ပြန်ဖိ၍ Alt ကိုလွှတ်လိုက်ပါ။
The Polygonal Lasso Tool
Polygonal Lasso Tool ကတော့ Lasso tool ထက်အသုံးပြုရတာပိုလွယ်၍ အသေးစိတ်ပိုပြီး Selection ပြုလုပ်နိုင်ပါတယ်။ Polygonal Lasso Tool နှင့် Lasso tool ကွာခြားချက်ကတော့ Polygonal Lasso Tool ဖြင့် select လုပ်ရာမှာ Click ဖိထားရန်မလိုပဲ တစ်ချက်ခြင်းစီနှိပ်၍ ပွိုင့်သက်မှတ်ပေးရပါတယ်။ ၄င်းပွိုင့်၏ တစ်ခုနှင့်တစ်ခုအကြား မျဉ်းဖြောင့်ဖြင့်ဆက်သွယ်ပေးပါလိမ့်မယ်။ ပွိုင့်မှတ်အမြောက်အများ နေရာချနိုင်သလို နေရာမှားသွားလည်း Backspace ခလုက်ဖြင့်နောက်ပြန်ဆုတ်နိုင်ပါတယ်။

Polygonal Lasso Tool ကိုအသုံးပြုမယ်ဆိုရင်
၁။ Toolbox ရှိ Lasso tool ပေါ်တွင် Click ဖိထား၍ pop-up menu ပေါ်လာသောအခါ Polygonal Lasso Tool ကိုရွေးချယ်ပါ။
(Keyboard မှ Shift ဖိထားပြီး L ကိုတစ်ချက်ချင်ခြင်းနှိပ်၍ သင်အလိုရှိသော Lasso Tool ကိုရွေးယူနိုင်ပါသည်။)
၂။ Canvas ပေါ်တွင်ပထမအစမှတ်အဖြစ် Click တစ်ချက်နှိပ်ပါ။ နောက်ဒုတိယအမှတ်အတွက် Mouse ကိုရွေ့လိုက်ပါ။ သင် Mouse ရွေ့သော နေရာနှင့်ပထမအစမှတ်ကြားတွင် မျဉ်းကြောင်းတစ်ကြောင်းကိုတွေ့ရမှာဖြစ်ပြီး Mouse ရွေ့ရာနောက်သို့လိုက်ပါနေမှာပါ။
၃။ ဒုတိယအမှတ်အတွက် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆို ပထမအမှတ် နှင့် ဒုတိယအမှတ်ကို မျဉ်းကြောင်းတစ်ကြောင်းဖြင့်ဆက်သွယ်ပေးပါလိမ့်မည်။ ထိုနည်းအတိုင်း select လုပ်လိုသော ဧရိယာတစ်လျှောက် Click နှိပ်ပေးသွားပါ။ Double-Click နှိပ်လိုက်ရင်တော့ ပထမစမှတ်သို့ ရောက်ရှိပြီး ပွိုင့်အမှတ်ကို အလိုအလျောက်အဆုံးသက်ကာ Selection ဖြစ်ပေါ်စေမှာပါ။ အကယ်၍ cursor ဟာအစမှတ်နှင့် နီးလာလျှင် cursor အောက်နားတွင် စက်ဝိုင်းအသေးလေး တစ်ခုပေါ်လာမှာဖြစ်ပြီး ထိုအခါ Click နှိပ်ပေးခြင်းဖြင့် ပွိုင့်အမှတ်ကိုအဆုံးသက်ကာ Selection ဖြစ်ပေါ်စေပါတယ်။
Selection tools အပါအ၀င် Photoshop ရဲ့ Tool အများစုမှာ အခြားလုပ်ဆောင်ချက်များ ထပ်ပေါင်းပါဝင်ပါတယ်။ ၄င်းကို Tool အသစ်တစ်ခုရွေးတိုင်း Tool Options bar တွင်ကြည့်နိုင်ပါတယ်။
The Magnetic Lasso
Magnetic Lasso tool ကတော့ သင် Click နှိပ်ပြီး Drag ဆွဲသွားတဲ့နေရာတစ်လျှောက်မှာရှိတဲ့ အရောင်ခြားနားချက် နှစ်ခု၏ ထောင့်စွန်းကို Polygonal Lasso နှင့် select လုပ်သလို အလိုအလျောက် လုပ်ပေးသွားမှာပါ။

Tool options bar မှာရှိတဲ့ Width တန်ဖိုးကိုအတိုးအလျော့ လုပ်ခြင်းဖြင့် Lasso နှင့် Select လုပ်သောပွိုင့် အကွာအဝေးကိုချိန်ညှိနိုင်ပါတယ်။ Contrast ကိုတော့ Pixels ဘယ်လောက်အထိခြားနားမှုကိုယူမလဲဆိုတာကို သက်မှတ်ပေးနိုင်ပါတယ်။ Frequency ကတော့ Lasso ကအကြိမ်မည်မျှ anchor points (မျဉ်းပေါ်ရှိ လေးထောင်ပုံစံအမှတ်အသားများ။ ၄င်းအမှတ်အသားများကို drag ဆွဲ၍မျဉ်းကြောင်းကိုချိန်ညှိနိုင်ပါသည်။) ထည့်သွင်းမည်ကို အဆုံးအဖြတ်ပေးပါတယ်။
The Quick Selection Tool
Photoshop CS3 မှာ Magic Wand Tool နှင့်အတူ တွဲပါလာတဲ့ Photoshop ရဲ့ Selection tool အသစ်ပါ။ ၄င်းရဲ့ထူးခြားတဲ့ လုပ်ဆောင်ချက်ကတော့ select လုပ်ရာမှာ click ဖိ၍ ဆေးချယ်သလို သင်လိုချင်တဲ့အပိုင်းကို Drag ဆွဲသွားပေးရုံဖြင့် cursor ဖြတ်ရာနေရာမှာရှိတဲ့ အရောင်နှင့် ၄င်းအနီးအနားမှာရှိတဲ့ တန်ဖိုးတူအရောင်တွေကိုပါ အလိုအလျောက်ရွေးချယ်ပေးသွားမှာပါ။
Quick Selection Tool ကိုသုံးမယ်ဆိုရင်
၁။ Toolbox မှာရှိတဲ့ Quick Selection Tool ကိုရွေးပါ။ သို့မဟုတ် W ကိုနှိပ်ပါ။
၂။ Tool Options bar မှာရှိတဲ့ Brush ရဲ့ pop-up menu မှာ Brush size ကိုသင် select လုပ်မည့်ပုံနှင့်သင့်တော်မည့်အရွယ်အစားကို ပြောင်းပေးပါ။ Keyboard မှလေးထောင့်ကွင်း ] သို့မဟုတ် [ ဖြင့် Brush ဆိုဒ်အရွယ်ကို တိုက်ရိုက်ပြောင်းယူနိုင်ပါတယ်။
၃။ သင်ဖျက်ထုတ်မယ့်အပိုင်း သို့မဟုတ် ပြုပြင်မယ့်အပိုင်းပေါ်တွင် Click ဖိ၍ဆေးချယ်သလိုဆွဲသွားပါ။
၎။ Alt ကိုဖိ၍ သင်ပြန်လည်ဖယ်ရှားလိုသော selection ဧရိယာအား Click ဖိ၍ရေးဆွဲသွားပါ။

Quick Selection Tool ကိုအသုံးပြုရာမှာ Cursor အရွယ်အစားက အရေးကြီးပါတယ်။ Cursor အရွယ်အစားကြီးလျှင် အရောင်မတူတဲ့ pixel တွေပိုလာသလို click ဖိ၍ drag ဆွဲပြီး selection လုပ်ရာမှာလည်း အရောင်ပါဝင်မှုပိုမိုများပြားလာမှာပါ။ ဒါကြောင့် ကြီးမားတဲ့ အစိတ်အပိုင်းတွေကို Carsor အကြီးအသုံးပြု၍ သေးငယ်သောထောင့်များ၊ အနားလိုင်းများကို Cursor အသေးအသုံးပြုပါ။
Magic Wand
Magic wand tool ကတော့ Click တစ်ချက်နှိပ်ရုံဖြင့် အရောင်တန်ဖိုးတူညီတဲ့ အစိတ်အပိုင်းတွေကို select လုပ်ပေးသွားမှာပါ။ အရောင်ဘယ်လောက်ပါဝင်မလဲဆိုတာ Tool Options bar မှာရှိတဲ့ Tolerance နေရာမှာ တန်ဖိုးသတ်မှတ်ပေးနိုင်ပါတယ်။ Tolerance တန်ဖိုးနဲမယ်ဆိုရင် Magic Wand ကမတူညီတဲ့ အရောင်ရွေးချယ်မှု နည်းပါမယ်။ Tolerance တန်ဖိုးကိုအများဆုံး ၂၅၅ ထားမယ်ဆိုရင် မတူညီတဲ့အရောင်အမျိုးမျိုးကို select လုပ်သွားပါလိမ့်မယ်။ Magic Wand tool မှာလဲ အခြား tool တွေကဲ့သို့ Shift key ဖိ၍ selection ထပ်ပေါင်းထည့်နိုင်ပါတယ်။

Magic Wand tool ဟာအထူးသဖြင့်အရောင်တစ်ရောင်ထဲရှိတဲ့ အစိတ်အပိုင်းတွေကို select လုပ်ရာမှာ လျှင်မြန်လွယ်ကူစေပါတယ်။ ဥပမာ ရှုခင်းပုံတစ်ခုက ကောင်းကင်ပြာကြီးကို select လုပ်ဖို့လိုတဲ့အခါမျိုးပေါ့။
Tool Options bar မှာရှိတဲ့ Contiguous ကိုအမှန်ခြစ်ရွေးချယ်ထားမယ်ဆိုရင် သင် Click နှိပ်တဲ့နေရာဝန်းကျင်ရှိ အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးပြီး အမှန်မခြစ်ထားရင်တော့ ပုံတစ်ခုလုံးမှာရှိတဲ့ အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးသွားပါလိမ့်မယ်။ Sample All Layers ကတော့ Layer အားလုံးမှာရှိတဲ့ (မြင်ရသောအပိုင်းများ) အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးသွားမှာပါ။ Anti-alias ကတော့ အနားများကိုချောမွတ်ပြေပြစ်စေပါတယ်။

The Select Menu
Select Menu မှာပါဝင်တဲ့ အပေါ်ဆုံးကညွှန်ကြားချက်လေးခုကတော့ အသုံးအများဆုံးညွှန်ကြားချက်တွေပါပဲ။ ပထမဆုံးညွှန်ကြားချက်ဖြစ်တဲ့ All(Ctrl+A) ကတော့ Canvas တစ်ခုလုံး selection ပေးရာမှာသုံးပါတယ်။ ဒုတိယညွှန်ကြားချက်ဖြစ်တဲ့ Deselect(Ctrl+D) ကိုတော့ Selection ပြန်ဖြုတ်ရာမှာ အသုံးပြုပါတယ်။ အကယ်၍မတော်တစ်စ တစ်ခုခုကို Deselect လုပ်မိတယ်ဆိုရင် Reselect(Shift+Ctrl+D) ဖြင့်မူလ selection ကိုပြန်ယူနိုင်ပါတယ်။
နောက်ထပ်အသုံးဝင်တဲ့ညွှန်ကြားချက်တစ်ခုကတော့ Inverse(Shift+Ctrl+I) ပါပဲ။ ၄င်းကို selection လုပ်ထားသောဧရိယာအစိတ်အပိုင်း၏ ဆန့်ကျင်ဘက်ကို select လုပ်ရာတွင်သုံးပါတယ်။ ဥပမာ ပန်းကန်တစ်ချက်ပေါ်တွင် ပန်းသီးတစ်လုံး တင်ထားသည့်ပုံတစ်ပုံ၌ ပန်းသီးကို selection ပေးထားတယ်ဆိုပါစို့။ အကယ်၍ Inverse(Shift+Ctrl+I) ညွှန်ကြားချက်ကိုရွေးချယ်လိုက်မယ်ဆိုရင် selection ပေးထားသော ပန်းသီးမှလွဲ၍ ကျန်သောအစိတ်အပိုင်းအားလုံးကို selection လုပ်သွားပါလိမ့်မည်။ ဒါဆို delete နှိပ်လိုက်ရင် ပန်းသီးပဲကျန်ခဲ့ပြီး ကျန်တာအားလုံးပြတ်သွားလိမ့်မယ်။ All Layer, Deselect Layers နှင့် Similar Layer တွေကတော့ Layer တွေ select လုပ်ဖို့အတွက် သုံးပါတယ်။

Modifying Selections
Select အောက်က Modify submenu ထဲမှာတော့ သင် selection လုပ်ရာမှာ လိုအပ်မယ့် အခြားရွေးစရာညွှန်ကြားချက်တွေရှိပါတယ်။
Border ။ ။ သင် select လုပ်ထားတဲ့ selection တွေကို ဘောင်အဖြစ်ပြောင်းလဲစေမှာပါ။ ဘောင်ရဲ့အကျယ်ကို dialog box ပေါ်လာသောအခါ သတ်မှတ်ပေးနိုင်ပါတယ်။
Smooth ။ ။ ကျွန်တော်တို့ lasso tool ဖြင့်တုန်တုန်ရီရီမညီမညာ select လုပ်ထားတဲ့လိုင်းတွေကို ချောမွှတ်ပြေပြစ်အောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
Expand ။ ။ Select လုပ်ထားသော Selection ဧရိယာပမာဏကြီးထွားစေပါတယ်။ Dialog box မှာချဲ့လိုသော pixel ပမာဏသတ်မှတ်ပေးနိုင်ပါတယ်။
Contract ။ ။ Expand ရဲ့ဆန့်ကျင်ဘက်ပါ။ Selection ဧရိယာပမာဏကို ကျုံ့စေပါတယ်။
Feather(Alt+Ctrl+D) ။ ။ Modify submenu မှာအသုံးအများဆုံးညွှန်ကြားချက်ပါ။ selection လုပ်ရာမှာအနားတွေကို မှုန်ဝါးစေပါတယ်။ အထူးသဖြင့် ပုံအစိတ်အပိုင်းတစ်ခုကိုဖြတ်ထုတ်၍ အခြားပုံပေါ်ထပ်၍အသုံးပြုရာတွင် များစွာ အထောက်အကူပြုပါတယ်။ Feather Selection dialog box တွင် pixel ဘယ်လောက်အကျယ် feather ပေးမလဲဆိုတာသတ်မှတ်ပေးနိုင်ပါတယ်။


Refining Selections
Photoshop CS3 မှာအသစ်ပါဝင်လာတဲ့ Refine Selection Edge ကတော့ selection တွေကို ထူးထူးခြားခြား ထိန်းချုပ်စွမ်းဆောင်နိုင်ပါတယ်။ ၄င်းကိုအသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး ကြိုနှစ်သက်ရာ selection tool
တစ်ခုခုဖြင့် selection ပြုလုပ်ပါ။ ထို့နောက် Select>Refine Edge ကိုရွေးနိုင်သလို Tool Options bar ပေါ်ရှိ Refine Edge ခလုက်ကိုနှိပ်ပါ။
Refine Selection Edge dialog ရဲ့ပထမဆုံး silders နှစ်ခုကတော့ Radius နှင့် Contrast ပါ။ ၄င်းတို့က feathered selection edge ရဲ့အရည်အသွေးကိုပြောင်းလဲပေးနိုင်ပါတယ်။ Radius တန်ဖိုးကိုတိုးပေးခြင်းဖြင့် selection အနားတွေကိုပြေလျော့စေနိုင်သလို Contrast တန်ဖိုးကိုတိုးပေးခြင်းဖြင့် ဖျော့နေသော selection အနားတွေကို ထင်ရှားစေပြီး အမွှေးများကဲ့သို့ အစွန်းထွက်နေသော အနားများကိုလည်း ဖယ်ရှားပေးမှာပါ။

နောက်ကျန်တဲ့ silder သုံးခုထဲက Smooth ကိုတော့ မညီမညာဖြစ်နေတဲ့ selection အစွန်းများကို 1 သို့မဟုတ် 2 pixel စာဖယ်ရှားပေးပါလိမ့်မယ်။ Feather slider ကတော့ Feather dialog box မှာကဲ့သို့ လုပ်ဆောင်ပေးပါတယ်။
Contract/Expand slider ကိုတော့ selection အရွယ်ပမာဏ ကျုံ့သွားစေရန် သို့မဟုတ် တိုးချဲ့ရာမှာသုံးပါတယ်။ အထူးသဖြင့် select လုပ်ရာတွင် အနည်းငယ်ကျန်ခဲ့သော ပုံ၏နောက်ခံကို ရှင်းထုတ်ရာမှာသုံးပါတယ်။
အောက်ဆုံးကအလျှားလိုက်တန်းနေတဲ့ button များကတော့ Preview ပုံစံအမျိုးမျိုးကိုရွေးချယ်အသုံးပြုခွင့် ပေးထားပါတယ်။ ၄င်း preview တွေကတော့
◘ Standard selection border ။ ။ သင် select လုပ်ထားတဲ့ ဧရိယာကို သာမန် marquee လိုင်းဖြင့်ဖော်ပြပေးပါလိမ့်မယ်။
◘ Quick Mask ။ ။ သင် selection ဧရိယာမဟုတ်တဲ့အပိုင်းကို ထိုးဖောက်မြင်နိုင်သော အနီရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။ ၄င်းကို Mask လုပ်တာဟုခေါ်ပါတယ်။ Quick Mask အသုံးပြု၍ Mask လုပ်ပုံနှင့် selection Edit ပြုလုပ်ပုံကို အခန်း ၁၂ မှာဖော်ပြပေးသွားပါမယ်။
◘ Black background ။ ။ ဒီ button ကတော့ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အမဲရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။
◘ White background ။ ။ ဒီ button ကတော့ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အဖြုရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။
◘ White on black mask ။ ။ Selection ဧရိယာအပိုင်းကို အဖြုရောင်ဖြင့်ဖော်ပြ၍ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အမဲရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။
Adobe ရဲ့ Photoshop ကျွမ်းကျင်သူများကတော့ Smooth, Feather, နှင့် Contract/Expand sliders တွေကိုစနစ်တစ်ကျ အသုံးပြုမယ်ဆိုရင် အကောင်းဆုံး selection ကိုရမယ်လို့ အကြံပြုထောက်ခံထားပါတယ်။
ဟုတ်မဟုတ် သိချင်ရင်တော့ ကိုယ်တိုင်စမ်းသုံးကြည့်ပေါ့။
Grow Selection and Similar Selection
Grow Selection ကတော့ သင် selection လုပ်ထားတဲ့ ဧရိယာမှာရှိတဲ့ အရောင်တန်ဖိုးအတိုင်း selection ကိုတိုးချဲ့ပေးသွားမှာပါ။ Similar Selection ကတော့ ပုံတစ်ပုံလုံးမှာရှိတဲ့ Selection ဧရိယာအတွင်းရှိအရောင်တွေနှင့်တူတဲ့ အစိတ်အပိုင်းအားလုံးကို Selection လုပ်ပေးသွားမှာပါ။
Advanced Selection Techniques
အခုဆိုရင်တော့ ဘယ် Selection tool ကိုဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာကိုတော့ အခြေခံသိလောက်ပါပြီ။ ယခုဆက်လက်ပြီး နောက်ထပ်အဆင့်မြင့်တဲ့ Advance Selection အကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်။
Selecting by Color
ဒီအခန်းရဲ့ အစောပိုင်းမှာ လေ့လာခဲ့တဲ့ Quick Selection tool နှင့် Magic Wand tool တွေက select လုပ်ရာမှာ ပုံမှာရှိတဲ့ pixel တွေရဲ့ ဆင်တူအရောင်(similar color) နှင့် အရောင်တောက်ပမှုတန်ဖိုး(brightness level) ကိုရှာဖွေပေးပါတယ်။
အကယ်၍ သင်ရဲ့ပုံမှာ ရှုပ်ထွေးနေတဲ့ အရောင်များပါဝင်မယ်ဆိုရင် Selection လုပ်ရာမှာ ခက်ခဲပါလိမ့်မယ်။ ထိုအခက်ခဲများကို Photoshop မှာပါဝင်တဲ့ Color Range Command ကဘယ်လိုလုပ်ဆောင် ဖြေရှင်းပေးနိုင်မလဲဆိုတာလေ့လာကြည့်ရအောင်။
ပထမဦးဆုံး Select>Color ကိုရွေးပါ။ ပြီးရင် ပုံပေါ် သို့မဟုတ် Color Range dialog’s preview ဧရိယာပေါ် Click တစ်ချက်နှိပ်၍ ပထမဦးဆုံး Selection ဧရိယာမှာပါဝင်လိုတဲ့အပိုင်းကို ရွေးပါ။ အကယ်၍ အခြားဧရိယာကို ထပ်ပေါင်းထည့်ချင်တယ်ဆိုရင် dialog’s box မှာရှိတဲ့ Add to Sample tool ကိုရွေး၍ ထပ်ပေါင်းလိုသောနေရာကို Click နှိပ်ပါ။ Fuzziness slider ကို အတိုးအလျှော့လုပ်၍ Selection လုပ်ရာမှာအရောင်ပါဝင်မှု အနည်းအများကို ချိန်ညှိယူနိုင်ပါတယ်။ သင့်စိတ်ကြိုက်ရပြီဆိုရင်တော့ OK ကို Click နှိပ်လိုက်ပါ။
** Color Range dialog’s preview တွင်မြင်ရသော အဖြူရောင်အပိုင်းမှာ Selection ၀င်မည့်အပိုင်းဖြစ်ပါတယ် ။ Color Range အသုံးပြုပုံအသေးစိတ်ကို Advance Level တွင် သီးခြားဖော်ပြပေးသွားပါမယ်။**

Transforming Selections
ပုံတစ်ပုံအတွင်းမှာ objects တွေကိုပုံသဏ္ဍန်ပြောင်ဖို့ မတူညီတဲ့နည်းလမ်းမျိုးစုံရှိပါတယ်။ ဥပမာ objects တွေရဲ့ အရွယ်အစားကို scaling, skewing, သို့မဟုတ် rotating ပြုလုပ်နိုင်ပါတယ်။ ၄င်း objects တွေ Transform ပြုလုပ်ပုံကို အခန်း ၁၀ တွင် ” Using Transformations ” ခေါင်းစဉ်ဖြင့်ဖော်ပြပေးသွားပါမယ်။ ယခုအခန်းတွင် လူသိနည်းတဲ့ Selection တွေကို Transform လုပ်နည်းအား ဖော်ပြပေးသွားမှာပါ။
Photoshop မှာ Selection marquee တွေကို Selection အတွင်းမှာရှိတဲ့ pixel တွေကိုမထိခိုက်ပဲ Transform commands ကိုအသုံးပြု၍ selection ပုံစံပြောင်းလဲယူနိုင်ပါတယ်။ သင် Marquee Selection Tool တစ်ခုခုနှင့် select လုပ်ထား၍ Selection အားပုံစံပြောင်းမယ်ဆိုရင် Select>Transform Selection သိုမဟုတ် Selection ဧရိယာအတွင်းတွင် Right-Click နှိပ်၍ Transform Selection ကိုရွေးပါ။ သင်လိုချင်သောအနေအထားပြောင်းပြီးလျှင် Enter နှိပ်လိုက်ပါ။

Cutting and Copying
Photoshop မှာလဲ တစ်ခြား Application တွေမှာလိုပဲ Cut ၊ Copy နဲ့ Paste များပြုလုပ်နိုင်ပါတယ်။ Cut, Copy, နှင့် Paste commands များကို Edit menu အောက်မှာတွေ့နိုင်ပါတယ်။
Cutting , Copying , နှင့် Pasting ကို Photoshop မှာ ပုံတစ်ခုလုံး သို့မဟုတ် ပုံတစ်ပုံ၏အစိတ်ပိုင်းတစ်ခုကိုကူးယူ၍ အခြားပုံတစ်ခုတွင် ပေါင်းထည့်ခြင်းများပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနှင့် အောက်မှာပြထားသည့်အတိုင်း ပုံတစ်ပုံမှ ခရုခွံတစ်ခုအား Selection tool ဖြင့် Select လုပ်ယူပါ။ ထို့နောက် Selection ဧရိယာအတွင်းတွင် Right-Click နှိပ်၍ Feather တန်ဖိုးအား 1 pixels ထား၍ OK နှိပ်ပါ။ Edit>Copy သို့မဟုတ် Ctrl+C နှိပ်ပါ။ ဒါဆို သင် Selection လုပ်ထားသောအပိုင်းကို Clipboard မှာယာယီသိမ်းထားပေးပါလိမ့်မယ်။ ထိုနောက် ထပ်ပေါင်းထဲ့လိုသော ပုံတစ်ပုံကိုဖွင့်ပါ။
Edit>Paste သို့မဟုတ် Ctrl+V နှိပ်ခြင်းဖြင့် ၄င်းပုံပေါ်တွင် Layer အသစ်တစ်ခုအဖြစ် ခရုပုံရောက်ရှိလာပါလိမ့်မည်။ အကယ်၍ ခရုကိုတစ်ခုမက အများကြီးထပ်ထည့်ချင်လျှင် Edit>Paste သို့မဟုတ် Ctrl+V ကိုအလိုရှိသော အရေအတွက်ရသည်အထိ နှိပ်၍ ပေါင်းထည့်နိုင်ပါသည်။ ထို့နောက် Transform commands ကိုသုံး၍ အရွယ်အစားကိုပြောင်းပါ။ (Transform commands အသုံးပြုပုံကို အခန်း-၁၀ တွင်ဖော်ပြပေးသွားပါမည်။)


Cropping
ပုံတစ်ပုံရဲ့ မလိုအပ်တဲ့အစိတ်အပိုင်းများကို ဖြတ်ထုတ်ရာမှာအသုံးပြုပါတယ်။ Crop tool ကို Selection အုပ်စုထဲမှာထည့်တွင်းထားပါတယ်။ ပုံတစ်ပုံကို Cropping လုပ်မယ်ဆိုရင် အရင်ဆုံး toolbox မှ Corp tool သို့မဟုတ် Keyboard မှ C ခလုတ်နှိပ်၍ Corp tool ကိုယူပါ။ ထို့နောက် ပုံပေါ်တွင် Click ဖိ၍ drag ဆွဲပါ။ Cropping box ပေါ်လာသောအခါ ထောင့်စွန်းတစ်ဖက်တစ်ချက်ဆီရှိ လေးထောင့်ပုံ handles များအားဆွဲရွှေ့၍ လိုအပ်သောအနေအထားရသည်အထိချိန်ညှိပါ။ (Cropping box အတွင်းမြင်ရသောအပိုင်းမှာ ကျန်ရစ်ခဲမည့်အပိုင်းဖြစ်၍ အမဲရောင်အုတ်နေသော အပိုင်းမှာဖြတ်ထုတ်ပစ်မည့်အပိုင်းဖြစ်ပါတယ်)

Crop tool ကိုအသုံးပြု၍ perspective ပုံများကိုမှန်ကန်အောင်ပြုပြင်နိုင်ပါတယ်။ perspective ပုံအားပြုပြင်ချင်တယ်ဆိုရင် Crop tool ကိုယူပါ။ Crop tool ဖြင့် Perspective ချိန်ညှိလိုသောပုံပေါ်တွင် Drag ဆွဲပေးပါ။ Options bar ရှိ Perspective check box ကို အမှန်ခြစ်၍ ဖွင့်ထားပါ။ ထို့နောက် ထောင့်စွန်းများအား
ပုံပါအတိုင်း အဆောက်အဦးနှင့်အပြိုင်အနေအထားရအောင် ရွေ့ပေးပါ။ စိတ်ကြိုက်ရွေ့ပြီးပါက cropping area အတွင်း double-click နှိပ်ပါ။ သို့မဟုတ် Enter နှိပ်ပါ။ အကယ်၍ဖြတ်ထုတ်ပြီးမှ စိတ်တိုင်းမကျလျှင် Undo(Ctrl+Z) ပြန်လုပ်နိုင်ပါသည်။










မှတ်ချက်။  ။ ဤစာများမှာ http://soeminntun.wordpress.com/ မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါကြောင်း။

Wednesday, September 18, 2013

Raster Graphics & Vector Graphics


raster v.s. vector art graphic
All digital graphic images can be divided into one of two fundamental types:
Vector Graphics and Raster Graphics (bitmap, pixel).

bitmap image example
Raster Graphics (commonly called bitmap images) are made of pixels. Photographs are an example of a bitmap image. They have a fixed resolution and cannot be resized larger without losing quality.
Common bitmap file formats end in:  .gif   .jpg  .png  .tiff  & .bmp
Bitmap images typically have much larger file sizes than the same image as a vector graphic so they are often compressed to reduce their size. Bitmap images can be converted from one format to another with programs such as Photoshop.

vector graphic example
Vector Graphics are images that have been created in a drawing program such as Adobe Illustrator. They use paths to create lines and curves at connecting points called "nodes" to store the graphic's information mathematically. Vector art is resolution independent; whether you enlarge or shrink the image, the output quality is never compromised. This is why logos should always be created in vector art format. Common file formats for vector art used in the commercial printing industry include: .ai  .eps  &  .pdf 
A common public misconception is that using “ > SAVE AS” and saving to another file format will somehow fix the problem. Pixel-based raster art will always be made out of pixels regardless of what file format one save the image as. It is possible to convert raster art into vector with methods such as “LIVE TRACE” in Adobe Illustrator, but the results are usually less than satisfcactory when used on a corporate logo. The only alternative to obtain a professional vector file of a reaster logo is tohave a professional graphic artist recreate the logo from scratch in the proper software.
Vector graphics formats are complementary to raster graphics. There are some instances when working with vector graphics is best, and other instances when working with a raster image is better.
Most marketing materials actually contain a combination of both raster and vector art formats. An understanding of the advantages & limitations of each format and the relationship between them is most likely to result in efficient and effective use of tools.

Understanding raster graphics v.s. vector graphics is important in choosing which design program to use for a particular project. Logos should always be created in vector art format because you want your corporate logo to be scalable — able to be enlarged without any loss of quality.

Creating an Image Reflection — and/or Fading Out an Image

         Reflecting and fading an image is really easy. This is also a great way to demonstrate a very powerful Photoshop feature know as a "mask," which is found in the layers menu. Masks allow us to "target" changes to an image so they are applied only to certain areas within an image.
copy corvette layer
To simplify this Photoshop tutorial, we start with a straight image on a clear background and open the layers pallet (select WINDOW > LAYERS if it is not already visible). Make a copy of the layer — the easiest way is drag it to the "create a new layer" icon.

drag image copy to bottom
Drag the layer copy to the bottom so it is the last item in the layers pallet. You may want to rename it "reflection." Now make the canvas size large enough to hold the reflected image. You may wish to make an additional layer with a background color at this point. I chose black as it will show up well for this Photoshop tutorial. Make the background color the LAST layer in the layers pallet or it will cover things up.

selecting the transform tool
With the reflection layer selected, choose EDIT > TRANSFORM or the keyboard shortcut: Ctrl + T, or Command + T on a Mac, to select the transform tool.

transforming the image
Now drag the top handle downward until you have an upside down image below the original. The depth of the transformed image doesn't have to be the same as the original, as various depths will simulate different angles of the reflection to the angle of the light source of the reflection.

add layer mask
With the reflection layer selected, click on the "add layer mask" icon in the layers pallet By default it will be a white background. When using a mask on various effects in Photoshop, white reveals the effect and black hides the effect. In this case we are going to "hide" part of our reflection using the gradient tool.

adding gradient to mask
Select the Gradient Tool in the tools menu, or use the keyboard shortcut "g." Make sure that the default colors (black and white) are selected in the colors pallet. With the layer mask thumbnail selected, draw a gradient from the bottom of the original image to the bottom of the reflected image. Drawing a shorter (or longer) gradient will affect how gradual or drastic the fade is. At this point you may want to reduce the overall opacity of the layer, apply a slight Gaussian blur, or change the angle of the reflection to simulate which direction the light source is located.

fancy rule divider graphic

Simulating Depth of Field (Aperture) with Photoshop


photo with wide aperture
Photo "as shot," wide depth of field
photo with wide aperture
"Photoshopped" narrow depth of field


fancy rule divider graphic

Creating Depth of Field with Photoshop

Photographers use a camera lens setting known as "Aperture" to create a blurring effect to the background of an image. In Photoshop we can accomplish the same visual appearance with the Blur > Lens Blur filter. To use the Lens Blur, an alpha channel (in the channels pallet) is created to control how the filter will be applied.
Wherever the alpha channel is white, the filter will be applied. Where the channel is black, the image is protected from change and the filter won't be applied. Various shades of gray are used in the alpha channel to apply the filter at reduced strengths.
fancy rule divider graphic
copy a layer by dragging
Make a copy of the image:
Layer > New > Layer via Copy

or by Control + J on a PC,
(Command + J on a Mac),
or, my favorite way, by simply dragging the background layer to the to the "create new layer" icon.


make a copy of the image
Delete the "eyeball" in the layer pallet of the original background layer you just copied and keep it locked.


Then, make sure the "background copy" layer you just made is the one selected (highlighted in blue).


create a new alpha channel
In the channels pallet, click on the icon to create a new channel.

new alpha channel
After the new alpha channel is created, reselect the RGB icon, and a red mask will now be covering the image. This will become the image map used by the lens blur tool to create the depth of field effect. With the new alpha channel selected, I like to start by deleting the black in the alpha channel by Select > All Delete.
first gradient in alpha channel
Decide what should be in full focus, and what should not. I began by making a selection from the front of the bricks to the background and drew a gradient. Make sure what STAYS in focus is tinted red, and what gets blurred is less red.
Second Gradient
I then chose the foreground by Select > Inverse and drew another gradient going the opposite direction to blur the foreground. I wanted the bench and the flower pot & in front of it to be in FULL focus, so I selected them (I used the lasso tool in this case) and filled the image map for those ares with 100% black.

Image Map
You can right-click on the alpha channel (option-click on a Mac) to see only the image map (as above) to help with any fine-tuning of your alpha channel. Continue filling in those ares that are to be in full focus with 100% black, slightly out of focus with a dark grey, etc.

Lens Blur Dialog Box
When the alpha channel is ready, make sure you click on the RGB channel (in the channels pallet) to make the image itself the subject of the filter. Open the Lens Blur dialogue box Filter > Blur> Lens Blur, MAKE SURE you select your alpha channel in the source menu & adjust the "blur focal distance" slider until you are satisfied with the effect in the preview area. You can also simulate different lens iris configurations, adjust the brightness of the highlights, etc.

fancy rule divider graphic
In summary,when creating an alpha channel to use as the image map to use with the lens blur filter, remember that:
  1. The part of the image you want to remain sharp
    should be painted black in the alpha channel
  2. Whatever is far away should be white
    (this could include the foreground as well)
  3. Areas between the black and white should be covered with a gradient
  4. Anything the same distance as the subject should also be painted black

fancy rule divider graphic