Wednesday, September 18, 2013
Colour နှင့်ပတ်သက်၍ အကြံပြုစရာလေးများ
Colour နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာကတော့ Colour ကို ပုံနှိပ်တင်တော့မယ်၊ Prints ထုတ်တော့မယ် ဆိုရင် လူတော်တော်များ တိုင်ပတ်ကြတာ များပါတယ်။ ကာလာကို တိကျစွာ ရရှိဖို့ရန်အတွက် အားလုံးက ကြိုးစားကြတာပါပဲ။ ဒါပေမယ့် စက်အတွက်က တစ်စက်နဲ့ တစ်စက် မတူညီတဲ့ အတွက် အားလုံးလိုလို အခက်အခက်ရှိကြတာပါပဲ။ ကိုယ်စက်ရဲ့ အထွက်ကို ကိုသိထားမှ ပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုီယ်ပိုင်စက်မရှိတဲ့ သူများအတွက်တော့ မည်သို့မှ အဆင်ပြေနိုင်မည် မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ကိုင်တာ များလာတဲ့ အခါ အနည်းနဲ့ အများတော့ ခန့်မှန်း တက်လာကြမှာ ဖြစ်ပါတယ်။ တိကျသေချာစေရန် ကာလာ နမူနာများကို ယူထားကြဖို့ တိုက်တွန်းလိုပါတယ်။ ပုံနှိပ်တင်သော အခါ ပိုမိုအရေးကြီးတယ်ဆိုတာ တိတိကျကျ ကာလာ လိုချင်သူများ အဖို့ ကာလာ နမူနာများက အရမ်းအရေးကြီးကြောင်း ပြောလိုပါတယ်။ ကာလာနှင့် ပတ်သက်ပြီး လေ့လာစရာ တွေ အရမ်းများတယ်ဆိုတာကို လေ့လာသူတို့ သိရှိထားပြီး ဆက်လက် စဉ်ဆက်မပျက် လေ့လာကြရန် တိုက်တွန်းပါသည်ခင်ဗျာ။
Labels:
Color Codes
Subscribe to:
Post Comments (Atom)
No comments:
Post a Comment